Welcome From My Blog

Welcome From My Blog
Welcome From My Blog

Friday, July 22, 2016

DFS CDMA Tool

DFS CDMA Tool

များ​သောအားဖြင့်​ CDMA ဖုန်း​တွေမှာ ဖြစ်​တတ်​တဲ့ MEID = 0 , PESN = 0 , IMEI =0 ဖြစ်​တာ​တွေကို ဒီ Tool ​လေးသုံးပြီး ​Fix လုပ်​နိုင်​ပါတယ်​ ။

* Dialer က​နေ *#*#2846579#*#* လို့ရိုက်​ပါ ။

* Qualcomm Background Open Settings ကိုဝင်​ပါ ။

* Background Setting မှာ Close ကို Open လို့​ပြောင်းပါ ။

* Password ​မေးလားခဲ့ရင်​ 0 (or ) 0000 ( 0 to 16) တစ်​ခုခု ထည့်​​ပေးလိုက်​ပါ ။ များ​သောအားဖြင့်​ Password က 0 ပါ ။

* ပြီးရင်​ USB Ports Setting ကိုထပ်​ဝင်​ပါ ။

* Manufacture Mode ကို​ရွေး​ပေးပါ။

* ဖုန်းကို Restart ချပါ ။

* ဖုန်းကို ပါဝါ ပြန်​ပိတ်​ပါ ။Battery ဖြုတ်​ပြီး MEID ,IMEI နံပါတ်​များကို Notepad မှာကူးထည့်​ထားပါ ။  ပြီးရင်​ PC နဲ့ချိတ်​ပါ ။ Com Ports မှာ DB Adapter Interface နဲ့ Detect ဖြစ်​​နေပါလိမ့်​မယ်​ ။

* DFS CDMA Tool ကိုသွားပါ ။ Ports Manager ကို နှိပ်​ပါ ။ Charging Mode က​နေ Detect ဖြစ်​​နေတဲ့ Ports No ကို Double Click နှိပ်​ပါ ။ 

* ပြီးရင်​ SPC ဆိုတာ​လေးကို တစ်​ချက်​ Click ပါ ။

* Programming Tab ကိုသွားပါ ။

* Lock ဆိုတာရဲ့​ဘေးမှ အမှတ်​တပ်​ပြီး Read လုပ်​ပါ ။

* Lock , autolock ​ဘေးမှာ အမှတ်​ဖြုတ်​ပြီး Write ကိုနှိပ်​ပါ။

* ပြီးရင်​ ခုန ကူးထားတဲ့ MEID နံပါတ်​ကို MEID ဆိုတဲ့​နေရာမှာ ထည့်​​​ပေးပါ ။ Write ကိုနှိပ်​ပါ ။

* IMEI ကိုလည်း ခုနလို ထည့်​ပြီး Write လုပ်​ပါ ။

* Data Tab ကိုသွားပါ ။ Mode ,Data Config ​တွေကို ​အောက်​ကအတိုင်း ​ပြောင်း​ပေးပါ ။

* HDR SCP force AT config >>> RevA-EHRPD
* HDR SCP force release 0 config >>> EVDO~Rev0
* Hybrid Preference Mode >>> Enable
* Data MDR (HSPD) mode >>> MDR_Pref
* Data Service Option >>> Qualcomm

Data Config မှာ

* QNC Enabled
* SCRM Enable
*eHRPD Enable
*EVDO Antenna RX Control

အဲ့ဒီ​လေးခု ကို အမှတ်​တပ်​ပါ ။

*EVDO SCP option ကို အကုန်​အမှတ်​ဖြုတ်​ထားပါ။

* ​အောက်​က Dial String ကို #777 လိုထည့်​​ပေးပါ။

*Active Config မှာ အမှတ်​တပ်​ပါ ။ ပြီးရင်​ Write လုပ်​ပါ ။

* အကုန်​လုပ်​ပြီးသွားပြီဆိုရင်​ Ports က​နေ ဖြုတ်​ပြီး ဖုန်းကို ဖြုတ်​လိုက်​ပါ ။ Dialer က​နေ *#06# နဲ့စစ်​ကြည့်​လိုက်​ပါ ။ အထက်​မှာ ​လုပ်​သွားတဲ့အဆင့်​​တွေ အားလုံးက CDMA ​တွေအတွက်​ အဆင်​​ပြေပါတယ်​ ။

* အမှားပါသွားခဲ့ရင်​ ​ဆောရီးပါ 😌😌😌😌

DFS CDMA Tool Download

Samsung Diagrams and Manual

Samsung Diagrams

Samsung Model 83 မျိုး ရဲ့ Diagrams ​တွေပါ ခင်​​ဗျ ။ လိုအပ်​ရင်​ ​Download ယူသွားပါ ။

Samsung Service Manual & Diagrams

Monday, July 18, 2016

တာယာမင်းဝေ စာအုပ်များ

ကျွန်တော့်လို တာယာမင်းဝေ Crazy တွေအတွက် တာယာမင်းဝေ စာအုပ် 51 အုပ်ကို sharing လုပ်ပေးထားပါတယ် ။

ဒီမှာ ရယူပါ ။

Huawei G730-U00 Custom Rom

Huawei G730-U00 ကို Custom Rom တင်ပြီး သုံးချင်သူများအတွက် Samsung Galaxy S5 Rom လေး မျှဝေချင်ပါတယ် ။ S5 Rom ကအ၇မ်းကို သုံးလို့ကောင်းတယ်ခင်ဗျ .။ သူရဲ့ အားသာချက်ကတော့ Video Calling ကို Support ပေးလာတယ် ။ Sim 1 ရော Sim 2 ရော 3G Support ပေးထားတော့ ကဒ်ထုတ်ပြီး ချိန်းစရာ မလိုပဲ Setting ထဲကနေပဲ ချိန်းပေးရုံနဲ့ အသုံးပြုနိုင်ပါတယ်။ Camera ပိုင်းမှာ Capture လုပ်ဖို့အတွက် လက်ကို ဝှေ့ယမ်း ပြလိုက်တာနဲ့ Capturing လုပ်ပေးမှာပါ ။Icon တွေ ရွှေ့ချင်တဲ့ အခါ ဖုန်း Screen ကိုထိစရာမလိုပဲ Sensor ပေါ်ကနေ လက်ကို ဘယ်ညာရမ်းပြီး ရွှေ့လို့ရပါတယ် ။ Custom Rom Zip  ကို Installing လုပ်ပြီး ရင် Factory Reset တစ်ခေါက်ချပေးပါ ။ Insatallation Process  ပြီးလို့ စသုံးတဲ့ အခါ Storage Error ရှိတတ်ပေမယ့် Reboot တစ်ခေါက်ချပြီးတာနဲ့ အိုကေပါတယ် ။ Custom Rom တွေ တော်တော်များများက Error အနည်းနဲ့အများတော့ ရှိတတ်ပါတယ် ။ ဒီ Rom မှာဆို၇င်လည်း Music မှာ Equalizer ကို ဖွင့်လိုက်တာနဲ့ Music က Stopped ပြသွားတယ်။ ဒီ Rom ရဲ့ အားနည်းချက်ပါ ။။ကျန်တာတွေကတော့ ကိုယ့်ဟာကိုယ် ဆက်ကလိကြကုန် ။.................။


*****Samsung Galaxy S5 Custom Rom Download Link******

Android Driver and PC Suite Collections

Android Driver and PC Suite Collections


Android Phone တွေအတွက် Driver များ PC Suite များကို ပြန်စုမိသလောက် Upload ပြန်လုပ်ပေးထားပါတယ် ။
အောက်မှာ Download ရယူပါ ။



******Download Here *********

Sunday, July 17, 2016

Honor 4X Che2-UL00 Ram 2GB Android Version 6.0 Marshmallow Upgrade လုပ်နည်း နှင့် Root ဖောက်နည်း

Honor 4X Che2-UL00 Ram 2GB Android Version 6.0 Marshmallow Upgrade လုပ်နည်း နှင့် Root ဖောက်နည်း

ပထမဆုံးမိမိဖုန်းရဲ့ build number ကိုကြည့်ပါ ။ B380 အထက်ဖြစ်နေပီဆိုရင် version စတင်မြင့်လို့ရပါပီ ။
မြင့်လို့ရမယ့် version ကတော့ 5.1.1 lollipop နဲ့ 6.0 marshmallow ဖြစ်ပါတယ် ။ သင်နှစ်သက်ရာ version ကိုမြင့်နိုင်ပါတယ်။  OTA update က CHNC00 အတွက်ရော CHNC17 အတွက်ရော ပေးပါတယ်။
Version Update တင်လိုက်ရင် data game အများစု ဆော့လို့မရပါဘူး အဲ့တာကတော့ error သဘောမျိုးမဟုတ်ပါ ကျွန်တောတို့4x ရဲ့ CPU Version လေးကိုမြင့်တင်လိုက်လို့ပဲဖြစ်ပါတယ်။ နောက်တစ်ခုကgoogle application တွေ 4.4.2 လို original မပါတော့ပါဘူး ။ မိမိဘာသာထည့်မယ်ဆိုရင်တော့ထည့်လို့ရပါတယ် google ကထုတ်လိုက်တဲ့ Pure Android တွေမှာ Lollipop Version ကစပီး Unicode မြန်မာဖောင့်ကို Build.in ထည့်ပေးလိုက်တယ်။  အဲဒီတော့ Zawgyi ဖောင့်ကိုအသုံးပြုတဲ့သူတွေအနေနဲ့ မြန်မာစာမမှန်တာတွေဖြစ်ပေါ်လာပါတယ် ဒါပေမယ့် ကျွန်တော်တို့ Huawei / Honor
user တွေကတော့အဲဒီမြန်မာစာမမှန်တဲ့ပြသနာကိုဗားရှင်းဘယ်လောက်မြင့်မြင့်ကြုံတွေ့ရမည်မဟုတ်ပါ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ကို Huawei က Zawgyi ဖောင့်ကိုအသုံးပြုပီး ထုတ်ပေးထားလို့ပဲဖြစ်ပါတယ် Unicode သုံးချင်တဲ့သူတွေလဲအသုံးပြုလို့ရအောင် 6.0 version ကစပီး Theme font လေးပြောင်းလိုက်တာနဲ့ Unicode အသုံးပြုလို့ရအောင်လုပ်ပေးထားပါတယ်
အဲဒီတော့ Upgrade တင်သင့်မတင်သင့် Recommand ပေးရမယ်ဆိုရင် သင်ဟာ Gamer တစ်ယောက် (သို့) google apk တွေ ကွန်ပျူတာမလိုပဲ အသုံးပြုချင်သူတစ်ယောက်ဆိုရင်တော့ version မမြင့်သင့်ပါဘူး ဒါမှမဟုတ် သင်ဟာ Android latest version တွေရဲ့ အသစ်အသစ်သော Function တွေကိုအသုံးပြုချင်သူ (သို့) Unicode ကိုအသုံးပြုချင်သူ ဆိုရင်တော့ Version Upgrade တင်ဖို့အကြံပြုပါတယ်ခင်ဗျာ
Version upgrade တင်ပီး google ထည့်ချင် Root Access လိုချင်သူတွေကတော့ Computer ရှိဖို့လိုပါတယ် Computer ပဲရှိနေလို့တော့မရပါဘူး လိုအပ်တဲ့ tool လေးတွေလုပ်နည်းလေးတွေလည်းလိုတာပေါ့ အောက်မှာပြည့်စုံအောင်ဆက်ရှင်းပါမယ်။

အပေါ်မှာပြောခဲ့သလို 4.4.2 ကနေမြှင့်ဖို့ အနိမ့်ဆုံး build number380 ရှိကမယ် 5.1.1 ကိုအရင်တင်ကမယ် အောက်ကလင့်ကဆွဲပါ

Link 1 >>> CHNC00 Honor Logo နဲ့ တက်တဲ့ ဖုန်း Upgrade လုပ်ချင်တဲ့ သူတွေက ဒီလင့် ကဟာကို ဒေါင်းပါ ။

Link 2 >>>  CHNC17 China  Logo နဲ့ တက်တဲ့ ဖုန်း Upgrade လုပ်ချင်တဲ့ သူတွေက ဒီလင့် ကဟာကို ဒေါင်းပါ ။


C00 နဲ့ C17 မိမိဖုန်းနဲ့တူတာကိုဒေါင်းပါ ဘယ်မှာကြည့်ရမလဲဆိုတော့ setting>>about phone>>build number တစ်ခုလုံးဖတ်ကြည့်ပါ။
အပေါ်ကလင့်ကိုဒေါင်းလုပ်ဆွဲပီးပီဆိုရင်တော့ file ထဲကိုဝင်ပါ ဒေါင်းလုပ်ဆွဲထားတဲ့ဖိုင်ကိုရှာပါ တွေ့ပီဆိုရင် အဲ့ဖိုင်ကို ဖိထားပါ Extract to ကိုရွေး current directory ကိုရွေးလိုက်ပါ သူ့ဘာသာဖြည်နေပါလိမ့်မယ် မန်မိုရီကတ်မှာ 2gb လောက်လွတ်နေဖို့တော့လိုမယ် ပီးရင်ဖြည်လို့ရတဲ့ဖိုင်ထဲမှာ UPDATE.APPဆိုတာရှိတယ်။new folder တစ်ခုဆောက်ပီး ဖိုဒါ name ကို dload လို့ပေး ခုန UPDATE.APP ကို အဲ့ dload ထဲထည့်ပါထည့်ပီးပီဆိုရင်တော့ setting>>updater>>menu>>local update ကနေ install လုပ်ပေးလိုက်ပါ ဖုန်းက restart ကျသွားပီး upgrade တင်နေပါလိမ့်မယ်ဖုန်းပြန်ပွင့်လာရင်တော့ 5.1.1 lollipop version ရသွားပါပီ။ကိုလိုချင်တဲ့ apk,contact,message, တွေကို backup ဆွဲထားပါ။ ကဲ 5.1.1 ရောက်ပီဆိုရင်တော့ 6.0 ကိုတင်ချင်ရင်ဆက်တင်ပေါ့မတင်ချင်လဲထားလိုက်ပေါ့ တင်ချင်တဲ့သူတွေအတွက်ပါ။ခုလင့်က 6.0 latest dev 6.7.1 ပါ။ Dev 6.7.1 (Developer Edition) အတွက် Full package က ဒီမှာ ၀င်ဒေါင်းပါ ။ ကြိုက်ရာ ကို  Upgrade လုပ်ပါ ။ Stable နဲ့ Devloper Edition ကို ကြိုက်ရာ တင်နိုင်ပါတယ် ။ Android Version 5.1.1 Lillipop version (Build No 419) ကနေ ကြိုက်ရာကို တင်သုံးနိုင်ပါတယ် ။ 

6.0 Upgrade တင်နည်းကတော့အပေါ်ကစာတွေပြန်ဖတ်ပါ ။ အပေါ်က Method အတိုင်းပါပဲ။
ကဲ 6.0 ရောက်ပီဆိုရင်တော့ gapp and root လုပ်ကြမယ်ပေါ့နော်
Gapp လင့်ကတော့ opengapps.org
ကနေ arm64 >> 6.0 >> pico တိတိကျကျဒေါင်းပါ ။ 5.1.1 သမားတွေအတွက်လည်း arm64 >>5.1 >> pico / 4.4.2 မှာ google အဆင်မပြေသူများအတွက် arm >> 4.4 >>pico အဲ့ဟာလေးတွေဒေါင်းပီး TWRP or cwm ကနေ install လုပ်ပေးလိုက်ပါ။ ပီးရင်တော့ home screen ပျောက်နေပါမယ်။ data wipe လုပ်ပေးပါ ။မလုပ်တတ်ရင် factory reset ချလိုက်ပါ.။ 6.0 တင်ထားတဲ့သူတွေကတော့ အပေါ်ကနည်းအတိုင်း gapp zip install လုပ်တဲ့အခါ fail ဖြစ်ပါမယ်။ ဘာကြောင့်လဲဆိုတော့ system memory အရမ်းနည်းသွားလို့ပါ အဲဒီတော့ system ကိုနည်းနည်းဖျက်ကမယ် ။ စမယ် ပထမဆုံး Twrp recovery ကိုဝင်ပါ။ Mount ဆိုတာကိုနှိပ်ပါ။ system ဆိုတာကိုရွေးအောက်ဖက်က Disable MTP ကိုနှိပ်ပါပီးရင်ပြန်ထွက်ပါ Advance ကိုဝင်ပါ Filemanager ကိုဝင်ပါ။အဲ့ထဲက system ဆိုတဲ့ဖိုဒါလိုက်ရှာအဲ့ထဲဝင် Delapp ဖိုဒါထဲဆက်ဝင်ပါ။ backup ဖိုဒါကလွဲလို့ကျန်တာအကုန်ဖျက်ပါ ဖျက်နည်းကတော့ဖျက်မယ့်ဖိုဒါတစ်ခုချင်းစီဝင်ပါ Select နှိပ်ပီး delete လုပ်လိုက်ပါ။ လုပ်ပီးပီဆိုရင်တော့ အစနေရာကိုပြန်သွားပီး install ကိုရွေးပီး Gapp zip install တင်လို့ရပါပီ ။ပီးရင်အပေါ်မှာပြောထားသလို Data wipe လုပ်ပေးပါ ။ wipe ကိုရွေးပီး data ကိုနှိပ်ပေး Slide လေးဆွဲယုံပဲ ပြန်ပွင့်လာရင်တော့ Playstore လေးမြင်ရပါပီ မိမိသုံးချင်တဲ့ google apk ကို install တင်သုံးလိုက်ပါ
Google ရပီဆိုတော့ Root ဖောက်ချင်ရင်လည်းဖောက်လို့ရပါတယ်တိတိကျကျလုပ်ဖို့သာလိုတာပါ။

All in One 

ခုလင့်က all in one tool ပါ ဘယ်ဗားရှင်းမဆိုသုံးလို့ရပါတယ် Che2-UL00 ဖြစ်ဖို့ပဲလိုတာပါ လိုအပ်တဲ့ driver တွေလဲအဲ့ထဲမှာထည့်ပေးထားပါတယ် ပီးရင်တော့ bat ဖိုင်လေးကိုဖွင့်လိုက်ရုံပါပဲ ပီးရင်ကိုလိုအပ်တာလုပ်ပေါ့ ပါဝင်တာတွေကတော့
1. Bootloader Unlock
2. Recovery installer for all version
3. Downgrade from 6.0 to 5.1.1
4. Mmlanguage enabler
5. Coc mmfont
ကိုယ် အသုံးပြုမဲ့နံပါတ်လေးတွေရွေးရုံပါပဲ Version အလိုက်တော့မှန်ပါစေနော်။
အဲ့ function 5 ခုကတော့ Bat ထဲမှာပါတာပါ Bat ဖိုင်မဟုတ်ပဲ ဖိုဒါလိုက်စုထားတာတွေကတော့ 6.0 အတွက် root zip နှစ်ခုပါနှစ်ခုလုံး Install လုပ်ပေးရပါမယ် ။
အဲ့ဟာမွ ၽRoot Access ရမွာပါ ။ ပီးတော့ downgrade ဖိုင်တွေပါပါတယ် ။ 6.0 ကနေ 4.4.2 ထိပြန်ဆင်းချင်သူများ bat ထဲက 6.0 to 5.1.1 Downgrade ဆိုတာလေး Run လိုက်ပါပီးရင် 5.1.1 Firmware တင်ပါ 5.1.1 ပြန်ရောက်ပါပီ အဲ့တာဆိုရင် zip ထဲမှာပါတဲ့ 5.1..1 to 4.4.2 downgrade ဆိုတဲ့ update.app ဖိုင်ကို firmware တင်သလိုတင်ပါ ပီးရင်တော့ 4.4.2 firmware တင်လိုက်ပါ ဖုန်းပြန်ပွင့်လာရင်တော့ 4.4.2 ပြန်ရောက်နေပါပီခင်ဗျာ။
4.4.2 Latest Firmware Links တွေပါ ။

Link 1 >>> CHNC00 အတွက် က ဒီဟာ ကို ဒေါင်းပါ ။

Link 2 >>> CHNC17 အတွက်က ဒီနေရာ ကဒေါင်းပါ ။

Root ရှိနေလို့ပဲဖြစ်ဖြစ် google တွေကို့ဘာသာထည့်ထားလို့ပဲဖြစ်ဖြစ် အဲ့လိုတွေလုပ်ထားရင် ဖုန်းကနေ Update ပေးတဲ့ OTA (Over The Air) Update ကိုတင်လို့မရပါဘူး ။ သက်ဆိုင်ရာ Full Firmware 1GB လောက်ရှိတဲ့ဖိုင်ကိုဒေါင်းလုပ်ဆွဲပီးတင်မှရမှာပါ။  root ဖျက်ပီးဖုန်းကပေးတာတင်မယ်ဆိုလည်းတင်လို့မရပါဘူး။


Good Luck >>
အမှားပါရင် ဖြည့်ပြီးဖတ်ပေးကြပါ ခင်ဗျ ။
Write Post by Kyaw Ko Ko & Heart Court